တာချီလိတ်၊ ဒီဇင်ဘာလ ၂၅ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ကြားဖြတ်သန်းခေါင်စာရင်းကို ခရိုင်အဆင့် ကောက်ကွက်ပေါင်း ၄၀၀၀ ကျော်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ကောက်ခံနေပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှုုး ဒေါ်ခိုင်ခိုင်စိုးမှ နေပြည်တော် Park Royal Hotel၌ ဒီဇင်ဘာ ၂၄ရက်တွင် ပြုလုပ်ခဲ့သည့် လူဦးရေခန့်မှန်းခြင်း ၁၉၈၃-၂၀၁၄ သုတေသနအစီရင်ခံစာ ထုတ်ပြန်ကြေငြာခြင်း အခမ်းအနားတွင် ပြောသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၀၀၀ ကျော်ရှိပြီး အဆိုပါကောက်ကွက်များကို ခရိုင်အဆင့်ကောက်ကွက် ၄၀၀၀ကျော် ပြန်လည်သတ်မှတ်ကာ အဆင့် (၄)ဆင့်ဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်စိုးကပြောသည်။ “ကျွန်မတို့ နိုဝင်ဘာလက စကောက်ပါတယ်။ အဆင့် (၄)ဆင့်ခွဲပြီးကောက်ခံပါတယ်။ ပထမအဆင့်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ နေပြည်တော်မှာ ကောက်ပါတယ်။ ဒုတိယက ကယား၊ …
Continue reading “ကြားဖြတ်သန်းခေါင်စာရင်းကို ခရိုင်အဆင့်ကောက်ကွက် လေးထောင်ကျော်ဖြင့် စတင်ကောက်ခံ”