တင်ဒါအောင်လုပ်ငန်းတွေကို သွားရောက်စစ်ဆေးရာ တာဝန်ခံမရှိသည့်အပေါ် ရှမ်းလွှတ်တော်တွင် မေးခွန်းထုတ်

တာချီလိတ်၊ ဒီဇင်ဘာ ၁၇ ရှမ်းပြည်နယ်အတွင်းရှိ တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ လုပ်ဆောင်ခွင့်ရရှိသည့် လုပ်ငန်းများကို သွားရောက်စစ်ဆေးရာမှာ လုပ်ငန်းတာဝန်ခံတွေကို မတွေ့ရဘဲ လုပ်သားခေါင်းလောက်သာ တွေ့ရသည့်အပေါ် မည်ကဲ့သို့ အရေးယူထားကြောင်း ရှမ်းလွှတ်တော်တွင် ဒီဇင်ဘာလ ၁၆ရက်က ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။ ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ညောင်ရွှေမြို့၊ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက အဆိုပါကိစ္စကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါမှာ ကုမ္ပဏီတာဝန်ခံသော်လည်ကောင်း၊ ဆိုက်အင်ဂျင်နီယာသော်လည်ကောင်း မတွေ့ရဘဲ လုပ်သားခေါင်းလောက်သာ တွေ့ရပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ဘတ်ဂျက်နဲ့ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းပါတယ်” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုးက တင်ပြသည်။ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းမဆောင်ရွက်မီ တွက်ချက်မှုနှင့် ပုံစံများ လွှတ်တော်ကိုယ်စားလှယ်များထံ …

၁၅ နှစ်ကြာသော်လည်း ထိုင်းဆူနာမီဒဏ်သင့်သူရာချီကို မည်သူမည်ဝါမဖော်ထုတ်နိုင်သေး

ဒီဇင်ဘာ ၁၆၊ ဖန်ငါ ၂၀ဝ၄ ခုနှစ်၊ ဘောက်ဆင်ဒေးနေ့တွင်လှုပ်ခတ်ခဲ့သော အိန္ဒိယသမုဒ္ဒရာဆူနာမီငလျင် ၁၅ နှစ်ပြည့်ကာနီးလာချိန်တွင် ထိုင်းတောင်ပိုင်းရှိရဲစခန်းတစ်ခုမှကုန်သေတ္တာတစ်လုံးတွင် မည်သူမည်ဝါမှန်းမဖော်ထုတ်နိုင်သေးသော ရုပ်ကြွင်းရာချီကိုသက်သေခံပေးနိုင်သည့်အရာများ ရှိနေသည်။ အထဲတွင်ရှိနေသည့် ပိုက်ဆံအိတ်၊ စာရွက်စာတမ်း၊ အီလက်ထရောနစ်ပစ္စည်းများနှင့် သက်သေဟုတံဆိပ်ကပ်ထုပ်ပိုးထားသော တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်ပြီး ထိုပစ္စည်းများသည် အနီးတွင်မြှုပ်နှံထားပြီး နံပါတ်များသာမှတ်ထားသည့်ကွယ်လွန်သူများ နည်းမှန်းလမ်းမှန်နားနေနိုင်ရေးနှင့် အမည်ဖော်ထုတ်ရန်အကူအညီပေးလိမ့်မည်ဟု ရဲများက မျှော်လင့်ကြသည်။ “ကွယ်လွန်သွားတဲ့သူတို့ချစ်တဲ့ခင်တဲ့လူတွေကိုပြန်တွေ့မယ်ထင်နေကြတဲ့ သေဆုံးသူတွေရဲ့ဆွေမျိုးတွေကျန်နေသေးတယ်။ နီးတဲ့နေရာမှာရော၊ ဝေးတဲ့နေရာမှာရောပေါ့လေ။ ” ဟု ဆူနာမီအဆိုးဆုံးထိခဲ့သည့်နေရာများတွင်ပါသည့် တာကွာပါခရိုင်၊ တာကွာပါစခန်းမှ ဒုတိယရဲမှူး ရဲဗိုလ်မှူးကြီး ခမ်မာရင် ဟတ်ဆီနီကပြောသည်။ နိုင်ငံတစ်ဒါဇင်ကျော်၏ကမ်းရိုးတန်းများကိုရိုက်ခတ်ခဲ့ပြီး ၁၇.၄ မီတာမြင့်သည့်လှိုင်းများရိုက်ခတ်ခဲ့သည့် ၉.၁ မဂ္ဂနီကျူ့အဆင့်ရှိငလျင်မှစခဲ့သည့်ဆူနာမီကြောင့် လူ ၂၃၀ဝ၀ဝ ကျော်သေဆုံးခဲ့ပြီး အချို့နေရာများစက္ကန့်ပိုင်းအတွင်းပျောက်ဆုံးခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း လူ ၅၀ဝ၀ ကျော်သေဆုံးခဲ့ပြီး ရဲများနှင့် နိုင်ငံ ၃၀ …

မြောက်ပိုင်း (၄)ဖွဲ့နှင့် NRPC တို့ ကူမင်းမြို့တွင်တွေ့ဆုံ

တာချီလိတ်၊ ဒီဇင်ဘာ ၁၆ အပစ်ရပ်လက်မှတ်ထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် – NRPC တို့ ဒီဇင်ဘာလ ၁၅ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NRPC အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက အတည်ပြုပြောဆိုသည်။ မြောက်ပိုင်း(၄)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ ယနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ဦးလှမောင်ရွှေက မဲခေါင်သတင်းဌာနသို့ပြောသည်။ “တွေ့ဆုံတာတော့ အတည်ပြုလို့ရတယ်။ သူတို့(ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ)ဒီနေ့ပြန်ရောက်တယ်။ ဘာတွေဆွေးနွေးခဲ့လဲတော့ ပြောလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။ မဲခေါင်သတင်းဌာန၏ သတင်းရင်းမြစ်တစ်ဦးပြောကြားချက်အရ ယမန်နေ့က တွေ့ဆုံမှုတွင် ပြည်တွင်း၌ ဇန်နဝါရီလ လကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံရန် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ကျိုင်းတုံမြို့တွင် စက်တင်ဘာလအတွင်း တွေ့ဆုံခဲ့သည့် တွေ့ဆုံမှုအပြီး မြောက်ပိုင်းတပ်ဖွဲ့များနှင့် NRPC တို့အကြား ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိဘဲ …

နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်တစ်ဦးကို စိတ်ကြွဆေးပြား ၇၀၀၀ ကျော်နှင့်အတူဖမ်းမိ

တာချီလိတ်၊ ဒီဇင်ဘာ ၁၆ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ်တစ်ဦးကို စိတ်ကြွဆေးပြား ၇၀၀၀ကျော်နှင့်အတူ တာချီလိတ်မြို့၊ မယ်လိပါကော်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။ မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၅ရက် ညနေ ၅နာရီခွဲခန့်က တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာတွင်နေထိုင်သည့် အမှတ် ၁၀၀၉ နယ်ခြားစောင့်တပ်မှ ဒုတပ်ကြပ် စံတင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကုတင်ပေါ်ရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၇၃၃၀ ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးများနှင့်အတူဖမ်းဆီးရမိသည့် စံတင်ဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။ MeKongNews

ရွှေ့ပြောင်းလုပ်သားများ မှုခင်းများရင်ဆိုင်ရပါက ဥပဒေဆိုင်ရာအကူအညီ အခမဲ့တောင်းခံနိုင်

တာချီလိတ်၊ ဒီဇင်ဘာ ၁၅ အခြားဒေသများမှ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ရာဇဝတ်မှုနှင့် သက်ဆိုင်သည့်မှုခင်းများရင်ဆိုင်ရာတွင် ဥပဒေဆိုင်ရာ အကူအညီလိုအပ်ပါက ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့ထံ အခမဲ့ အကူအညီတောင်းခံနိုင်ကြောင်း ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။ ဒီဇင်ဘာလ ၁၄ရက် နံနက်ပိုင်းက တာချီလိတ်မြို့တွင်ပြုလုပ်သည့် ဥပဒေဆိုင်ရာတွေ့ဆုံဆွေးနွေးဟောပြောပွဲ အပြီးတွင် ဦးခင်ဇော်က မဲခေါင်သတင်းဌာနနှင့် အင်တာဗျူး ပြုလုပ်ရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဆင်းရဲနွမ်းပါးသူဖြစ်မယ်။ အမျိုးသမီးဖြစ်မယ်၊ ကလေးသူငယ်ဖြစ်မယ်၊ မသန်စွမ်းတဲ့သူဖြစ်မယ်။ နာတာရှည်ရောဂါသည်ဖြစ်မယ်။ သက်ကြီးရွယ်အိုဖြစ်မယ်။ နိုင်ငံမဲ့ဖြစ်မယ်။ နိုင်ငံခြားသားဖြစ်မယ်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့သူပါမယ်။ အခြေတကျမနေနိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေပါတယ်။ အဲလိုလူတွေကို ကျွန်တော်တို့က ဥပဒေအထောက်အကူ အခမဲ့ပေးနေပါတယ်” ဟု ဦးခင်ဇော်က ပြောသည်။ ထိုကဲ့သို့ လူတန်းစားများတွင် ပြစ်မှုဖြင့် တရားစွဲခံရခြင်း၊ ထောင်ကျခံရခြင်းကဲ့သို့ ရာဇဝတ်မှုများကို အခမဲ့ ကူညီဆောင်ရွက်ပေးသွားမည် …

မူးယစ်ဆေးဝါးများ လက်လီရောင်းချသူ တစ်ဦးအား နေအိမ်အတွင်း ဖမ်းဆီးရမိ

တာချီလိတ်၊ ဒီဇင်ဘာ ၁၅ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ လယ်ကွင်းအနီးရှိ နေအိမ်တစ်လုံးအတွင်း မူးယစ်ဆေးဝါးလက်လီရောင်းချသူ တစ်ဦးကို ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိသည်။ ဒီဇင်ဘာ ၁၅ ရက်နံနက် ၉ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ လယ်ကွင်းအနီးရှိ ဦးလီတီး၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ လီတီးအား နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းအိပ်သည့် အိပ်ရာဘေးရှိ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားဟု ယူဆရ သော ဆေးပြား ၁၁၆ ပြား၊ အလေးချိန် ၁၁ ဒသမ ၆ ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၁၁၆၀၀၀)အားလည်းကောင်း၊ ဘိန်းစိမ်းဟု ယူဆရသော …

စက်ရုံခြံစည်ရိုးကာရံမှုကို တားဆီးသည့်ကျေးရွာသားများကို အမှုဖွင့်

တာချီလိတ်၊ ဒီဇင်ဘာ ၁၄ စက်ရုံခြံစည်းရိုးကာရံနေစဉ် ကျေးရွာသားများက လာရောက်ခြောက်လှန့်တားဆီးကာ ခြံစည်းရိုးတိုင်နှင့် သွပ်ပြားများကို ဖျက်စီးခဲ့တာကြောင့် ဦးဆောင်ပါဝင်သူ (၃)ဦးနှင့် ခြံစည်းရိုးဖျက်ဆီးရာတွင် ပါဝင်သည့် ကျေးရွာသားများကို တာချီလိတ်မြို့တွင် ဒီဇင်ဘာလ ၁၂ရက်က ကုမ္ပဏီဘက်မှ အမှုဖွင့်လိုက်ကြောင်း သိရသည်။ အောက်တိုဘာလ ၂၆ရက်က တစ်ကြိမ်၊ နိုဝင်ဘာလ ၁၇ရက်က တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စုအတွင်း ကွင်းအမှတ် (၂၆)ဧရိယာရှိ ဧက (၁၀၀)ကို ဟုန်ပန်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားသည့် စက်ရုံမြေဧက (၁၀၀)ကို ခြံခတ်နေစဉ် ဒေါ်ယဉ်ယဉ်ဌေး၊ ဦးစိုင်းမွန်ရှဲန်နှင့် ဦးနန်းတစ်တို့က ခြိမ်းခြောက်ပြောဆိုကာ တာဆီးခြင်း၊ ခတ်ထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးပစ်ခြင်းတို့ကြောင့် ဟုန်ပန်းကုမ္ပဏီ၏ အထွေထွေကိုယ်စားလှယ်လွှဲ အပ်ခြင်းခံရသူ ဦးဘုန်းနိုင်ဝင်းက တရားလိုပြုလုပ်ကာ တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။ စက်မှုဇုန်မြေနေရာကို အကောင်အထည်ဖော်ရန်အတွက် ကာလစည်းကမ်းသတ်မှတ်ချက်ရှိပြီး အဆိုပါကာလအတွင်း …

ရှမ်းအရှေ့တွင်ရွှေ့ပြောင်းသွားလာသူ များပြားသော်လည်း အကူအညီပေးသည့်အဖွဲ့အစည်းအားနည်းနေ

တာချီလိတ်၊ ဒီဇင်ဘာ ၁၄ ရှမ်းပြည်နယ်အရှေ့ပိုင်းသည် နိုင်ငံတကာ နယ်နမိတ်ထိစပ်မှု ရှည်လျားပြီး ရွှေ့ပြောင်းသွားလာသူ များပြားသော်လည်း ၎င်းးတို့ကို ပညာပေး ကူညီသည့် အဖွဲ့အစည်းများ အားနည်နေသေးကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ထောက်ပြပြောဆိုသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းသည် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် အဆိုပါနိုင်ငံများသို့ သွားရောက်ရန် ပြည်တွင်းမှ ရွှေ့ပြောင်းသွားလာသူများ များပြာသလို ရှမ်းပြည်နယ်အရှေ့ပိုင်းသို့လည်း ပြည်တွင်းမှ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ များပြားကြောင်း၊ သို့သော် ရွှေ့ပြောင်းသွားလာသူများကို လိုအပ်သည့် အသိပညာနှင့် အကူအညီပေးသည့် အဖွဲ့အစည်းအနေဖြင့် အလွန်နည်းပါးနေသေးကြောင်း ဦးဝင်းမြတ်က ပြောသည်။ “ရွှေ့ပြောင်းသွားလာတဲ့ လမ်းကြောင်းတွေကလဲ အများကြီး။ ဝင်လာတဲ့လူကလဲ တစ်ရက်ကို ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေတယ်။ အဲလိုသွားလာတဲ့သူတွေကို ပညာပေးတဲ့အဖွဲ့အစည်း များများမရှိသေးဘူး။ အခုဆိုရင် မော်ကွမ်းဒေသဖွံ့ဖြိုးရေးအဖွဲ့တစ်ဖွဲ့ရှိမယ်။ ဒါလောက်ပဲ” …

ယခုနှစ်အတွင်း အပြာကားအများဆုံးကြည့်သည့်နိုင်ငံအဖြစ် ထိုင်းနိုင်ငံရပ်တည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ကမ္ဘာ့အသိအမှတ်အပြုခံရဆုံးအွန်လိုင်းအပြာကားဝက်ဆိုက်ဖြစ်သည့်Pornhub.com၏ နှစ်ကုန်စာရင်းများအရ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်၏ အပြာကားအများဆုံးကြည့်သည့်နိုင်ငံအဖြစ်ရပ်တည်နေပြီး ဒုတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံရှိနေသည်။ ထိုင်းနိုင်ငံတွင် Pornhubတရားဝင်မရရှိသော်လည်း ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်ထက် အဆင့် ၆ နေရာတက်လာပြီး သက်တမ်းတစ်လျှောက်ဗီဒီယိုအကြည့်အများဆုံးအဆင့် ၁၇ နေရာတွင်ရှိနေသည်။ ရုရှားနိုင်ငံက အဆင့် ၁၇ တွင်ရှိနေသည်။ ထို့အပြင် ထိုင်းနိုင်ငံသားများသည် အပြာကားအကြာဆုံးကြည့်သည့်နိုင်ငံလည်းဖြစ်ပြီး တစ်ဦးလျှင် ပျမ်းမျှ ၁၁ မိနစ်၊ ၂၁ စက္ကန့်ကြာကြည့်ရှုခဲ့သဖြင့် ဖိလစ်ပိုင်နိုင်ငံထက်ပိုများနေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့သည်များကို နှစ်ကုန်စာရင်းထုတ်ပြန်ရာတွင် Pornhubက ဖော်ပြထားဖြင်းဖြစ်သည်။ ထိုင်းနိုင်ငံသားများ၏အရှာအများဆုံးခေါင်းစဉ်များမှာ ထိုင်း ဖြစ်ပြီး ဒုတိယတွင် ဂျပန်နှင့် တတိယတွင် ကိုရီးယားရှိနေသည်။ အရှာအများဆုံးအပြာသရုပ်ဆောင်မှာ ယခုနှစ်Pornhubဆုပေးပွဲတွင် ၂၀၁၉ ခုနစ်အတွက် တစ်နှစ်တာအကောင်းဆုံး အပြာမင်းသား …

ထောက်ခံသူများ ဘန်ကောက်တွင်စုဝေးကြရန် ထိုင်းအတိုက်အခံခေါင်းဆောင်တိုက်တွန်း

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ထိုင်းအတိုက်အခံပါတီFuture Forward (FFP)ခေါင်းဆောင်သာနာသွန်း ဝမ်ဂရူအန်ဂရူအန်ကစ်က ပါတီထောက်ခံသူတွေကို ဘန်ကောက်မြို့ရှိပသွမ်ဝမ်ခရိုင်တွင် စနေနေ့ညနေပိုင်းတွင်စုဝေးပြီး တရားမျှတမှုတောင်းဆိုရန် ဖိတ်ခေါ်ခဲ့သည်။ သောကြာနေ့နေ့လည်ပိုင်းတွင် သူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင်တင်ခဲ့သော တစ်မိနစ်ကြာဗီဒီယိုတွင်ပြောခဲ့ခြင်းဖြစ်သည်။ စနေနေ့ညနေ ၅ နာရီတွင် ဘန်ကောက်အနုပညာနှင့်ယဉ်ကျေးမှုစင်တာရှေ့ရှိ ဝရန်တာတွင်စုဝေးသင့်ကြောင်းဖိတ်ခေါ်ခဲ့သည်။ ရွေးကောက်ပွဲမဲဆွယ်မှုများအတွက် သာနာသွန်းက ပါတီအမှုဆောင်အဖွဲ့ကို ဘတ် ၁၉၁ သန်းချေးခဲ့သည်ဟုဆိုကာ FFP ဖျက်သိမ်းရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကိုတောင်းဆိုမည်ဟု ဗုဒ္ဓဟူးနေ့တွင် ထိုင်းရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ခဲ့ပြီးနောက် သာနာသွန်းက ယခုလိုတိုက်တွန်းခဲ့ခြင်းဖြစ်သည်။ မတ်တွင် ထိုင်းရွေးကောက်ပွဲအတွက် နာမည်စာရင်းတင်သွင်းခဲ့ရာ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာပိုင်ဆိုင်နေကြောင်းတွေ့ရှိခဲ့သည်ဟုဆိုပြီး သာနာသွန်းကို အမတ်အဖြစ်အရည်အချင်းမပြည့်မီကြောင်း တရားရုံးက နိုဝင်ဘာတွင် ဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးအာဏာပိုင်များက အခြေအနေကို ကိုင်တွယ်ဖြေရှင်းမည်ဟု ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာက သာနာသွန်း၏ဖိတ်ခေါ်မှုကို တုံ့ပြန်ပြောသည်။ လူထုစုဝေးမှုမလုပ်ခင် ခွင့်ပြုချက်တောင်းရသည်ကို ဥပဒေအသိရှိသူတိုင်းသိသည်ဟုလည်း ပရာရွတ်ကပြောသည်။ ထိုင်းရွေးကောက်ပွဲကော်မရှင် …

Design a site like this with WordPress.com
Get started