တာချီလိတ်၊ ဒီဇင်ဘာ ၈ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် ဒီဇင်ဘာလ ၈ရက်၊ နေ့လည် ၁နာရီခွဲခန့်က လူတစ်ဦး လေးထပ်အမြင့်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း သိရသည်။ ကိုခင်မောင်သန်း(၄၂) (ဘ)ဦးဘိုးဆောင် ပါလျံ ကွပ်သစ်ရပ်ကွက်နေသူသည် နေ့လည် ၁နာရီခွဲအချိန်က အိမ်အမှတ် ဝက (ခ) ၂၄၄ Sun Moon Light Private Primary School မြန်မာ/အင်္ဂလိပ်ကိုယ်ပိုင်မူလတန်းကျောင်း ဝိန်းကျောက်ရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်လုပ်ကိုင်ရာမှ မြေညီထပ်ပါ လေးထပ်အဆောက်အဦးအပေါ်မှ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ MeKongNews
Category Archives: Uncategorized
တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက် ပဓာနနာယကဆရာတော်သစ် တင်မြှောက်ပူဇော်
တာချီလိတ်၊ ဒီဇင်ဘာ ၈ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသန္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ပျံလွန်တော်မူသွားပြီးနောက် လစ်လပ်နေသည့် ပဓာနနာယကဆရာ်တော် နေရာတွင် ပဓာနနာယက ဆရာတော်အသစ် တင်မြှောက်ပူဇော်ပွဲကို ဒီဇင်ဘာလ ၈ရက် နံနက်ပိုင်းက တာချီလိတ်မြို့၊ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်တွင် ပြုလုပ်သည်။ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ တိုက်အုပ်နာယက စာချဆရာတော် အရှင်အာဒိစ္စဝံသာလင်္ကာရအား ကျောင်းတိုက်အပ်နှံပွဲနှင့် ပဓာနနာယကဆရာတော် အဖြစ် တင်မြှောက်ပူဇော်ပွဲကြို ဒီဇင်ဘာလ ၇ရက်နှင့် ၈ရက် ၂ရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၈ရက်တွင် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ဆရာတော်မှ အရှင်အာဒိစ္စဝံသာလင်္ကာရအား ကျောင်းတိုက်အပ်နှံပြီး ပဓာနာယက ဆရာတော်အဖြစ် တင်မြှောက်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သံဃာ့နာယကအဖွဲ့နာယက ကောင်းမူခမ်းဆရာတော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဌ ဒူးယားကျောင်းဆရာတော်၊ ဂုံရှမ်းသံဃာ့နာယကအဖွဲ့ချုပ် …
Continue reading “တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက် ပဓာနနာယကဆရာတော်သစ် တင်မြှောက်ပူဇော်”
နိုင်ငံကို ကိုယ်စားပြုသွားတဲ့ အတိုင်ပင်ခံအတွက် ဆုတောင်းကြဖို့ ကက်သလစ် သာသနာပိုင်ပြော
တာချီလိတ်၊ ဒီဇင်ဘာ ၈ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး – ICJတွင် မြန်မာနိုင်ငံကို ဂမ်ဘီယာမှ တရားစွဲဆိုထားသည်ကို ရင်ဆိုင်ရန်သွားရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တစ်နိုင်ငံလုံးကို ကိုယ်စားပြု သွားရောက်ခြင်းဖြစ်သည့်အတွက် ဝိုင်းဝန်းထောက်ခံဆုတောင်းပေးကြရန် မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားစ်မောင်ဘိုက ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ကက်သလစ်သာသနာရောက်ရှိခြင်း နှစ် ၉၀ ပြည့်အခမ်းအနားသို့တက်ရောက်လာသည့် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ICJ တွင် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် သွားရောက်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံကို ကိုယ်စားပြုသွားရောက်ခြင်း ဖြစ်ကြောင်း ကာဒီနယ် ချားစ်မောင်ဘိုက ပြောသည်။ “သွားရောက်တာသည့် ပုဂ္ဂလိကအနေနဲ့ သွားရောက်တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး သွားရောက်တာ ဖြစ်တယ်။ အစိုးရအတွက်ရော၊ စစ်တပ်အတွက်ရော၊ ပြည်သူပြည်သားတွေ အတွက်ရော သွားရောက်တာ …
မယ်ယန်းဂိတ်တွင် တရားမဝင်ပန်းပုရုပ်များဖမ်းမိ
တာချီလိတ်၊ ဒီဇင်ဘာ ၈ ကျွန်းပန်းပုရုပ်တစ်ရုပ် အပါအဝင် ပန်းပုရုပ် (၇)ရုပ်ကို တိုယိုတာကားတစ်စီးပေါ်မှ ဒီဇင်ဘာလ ၇ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။ ပိတောက်ဆွမ်းအုပ် တစ်အုပ်၊ ပိတောက်ယောင်ခြမ်း တစ်ခြမ်း၊ ကျွန်းပန်းပုတစ်လုံး၊ တည်သစ်တိုင်ပန်းပု (၂)လုံးနှင့် သစ်မြစ်ဆုံပန်းပု (၂)ခုတို့ကို ကျိုင်းတုံမြို့နေ ဦးစိုင်းတစ်ဆိုသူ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ တရားမဝင်သစ်မြစ်နှင့် ပန်းပုရုပ်များ သယ်ဆောင်လာသည့် ကျိုင်းတုံမြို့နေ ဦးစိုင်းတစ်နှင့် ယာဉ်နောက်လိုက် ဦးသိန်းမျိုးအောင်တို့ကို သစ်တောဥပဒေပုဒ်မ ၄၂(က)အရ အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားထားကြောင်း သိရသည်။ MK – 001 MeKongNews
အိုက်စ်ကီလို ၆၀ခန့် သယ်ဆောင်ခိုင်းသည့် တရားခံပြေးကို တာချီလိတ်တွင် ဖမ်းမိ
တာချီလိတ်၊ ဒီဇင်ဘာ ၆ သြဂုတ်လအတွင်းက ခိုလမ်မြို့တွင်ဖမ်းမိသည့် အိုက်စ် ကီလို(၆၀)ခန့်ကို သယ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းသူကို တာချီလိတ်တွင် ဒီဇင်ဘာလ ၅ရက် ညပိုင်းက ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ ခိုလမ်မြို့တွင် သြဂုတ်လ ၂၃ရက် နံနက်ပိုင်းက နမ့်စန်မှ ခိုလမ်ဘက်သိုလာသည့် Mark II ကားတစ်စီးအား စစ်ဆေးရာ စိုင်းဟောင်လူဆိုသူကို အိုက်စ် ကီလို (၆၀)ခန့်(ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀၀ခန့်)နှင့် အတူဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ စိုင်းဟောင်လူကို စစ်ဆေးရာ မူးယစ်ဆေးဝါးများကို ပို့ဆောင်ခိုင်းသူမှာ ကာလိမြို့နေ စိုင်းစိန်ညွန့်(ခ) စိုင်းမတ်ဆိုသူဖြစ်ကြောင်း သိရ၍ ၎င်းတို့ နှစ်ဦးစလုံးအား အမှုဖွင့်အရေးယူပြီး တရားခံပြေး စိုင်းစိန်ညွန့်(ခ)စိုင်းမတ်ကို ဖမ်းဆီးနိုင်ရန် အားထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းအရ သိရသည်။ အဆိုပါ တရားခံပြေး စိုင်းစိန်ညွန့်(ခ) …
Continue reading “အိုက်စ်ကီလို ၆၀ခန့် သယ်ဆောင်ခိုင်းသည့် တရားခံပြေးကို တာချီလိတ်တွင် ဖမ်းမိ”
တာချီလိတ်တွင်ရောင်းချမည့်ဆန်ကို မယ်ယန်းဂိတ်တွင် အခွန်ကောက်ခံသဖြင့် သယ်ယူရေး အခက်ကြုံ
တာချီလိတ်၊ ဒီဇင်ဘာ ၆ တာချီလိတ်မြို့တွင် ပြန်လည်ရောင်းချရန် တောင်ကြီးမြို့မှ သယ်ဆောင်လာင်သည့် ဆန်အိတ်များအပေါ် မယ်ယန်းဂိတ်တွင် အခွန်ကောက်ခံသဖြင့် ကားသမားအနေဖြင့် ဆန်အိတ်သီးသန့် မတင်ချင်တော့ကြောင်း ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းများနှင့် ဆန်ကုန်သည်များထံမှ သိရသည်။ တောင်ကြီးမှ တာချီလိတ်သို့သယ်ဆောင်လာသည့် ဆန်အိတ်များကို တာချီလိတ်မြို့အဝင်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဈေးသတ်မှတ်ကာ ၂ရာခိုင်နှုန်းအနေဖြင့် အခွန် ကျပ် ၁၀၀၀ ဆောင်ခိုင်းကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “တောင်ကြီး-တာချီလိတ်မှ ဆန်တစ်အိတ်ကို သယ်ခ ၃၅၀၀ပဲရတာ။ အဲဒီလိုကောက်တော့ ကားသမားတွေအတွက် မကိုက်ဘူး။ အဲဒါကြောင့် ဆန်သီးသန့်ဆို မတင်ချင်တော့ဘူး။ ဈေးပိုတောင်းတာတွေ ဖြစ်လာတယ်။ အမှန်ဆိုရင် ၂ ရာခိုင်နှုန်းက ထိုင်းဘက်ကို တင်ပို့မယ်ဆိုမှ ဆောင်ရမှာ။ ခုသယ်လာတဲ့ဆန်တွေက တာချီလိတ်မှာ ရောင်းဖို့သယ်လာတာ” ဟု …
ထိုင်းမှ သြဇီသို့ပို့သည့် ဆောင်းဘောက်များအတွင်း စံချိန်တင် အိုက်စ်များဖမ်းမိ
Ref: Bangkok Post ကန်ဘာရာ၊ ဒီဇင်ဘာ ၅ ဘန်ကောက်မှ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ တင်ပို့သည့် ဆောင်းဘောက်များအတွင်းမှ အိုက်စ်မူးယစ်ဆေး ၁ ဒသမ ၆တန်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သြစတေးလျရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ မူးယစ်ဆေးပမာဏမှာ သြစတေးလျနိုင်ငံတွင် ဖမ်းမိရသမျှ မူးယစ်ဆေးမှုထဲတွင် အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယင်းအမှုနှင့်စပ်လျဉ်း၍ အသက် ၃၇နှစ်နှင့် ၃၈နှစ်အရွယ် အမျိုးသား ၂ဦးနှင့် ၃၇နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသည့် အိုက်စ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၁၈သန်း(ကျပ် ၁၂၀၀ ဘီလီယံ)ကျော်တန်ကြေးရှိပြီး အိုက်စ်များနှင့်အတူ ဘိန်းဖြူ ၃၇ ကီလိုကိုလည်း ဖမ်းဆီးရမိကြောင်း သိရသည်။ ဖမ်းဆီးထားသူ ၃ ဦးကို ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သည့် ပြစ်မှုဖြင့် တရားစွဲဆိုထားပြီး …
Continue reading “ထိုင်းမှ သြဇီသို့ပို့သည့် ဆောင်းဘောက်များအတွင်း စံချိန်တင် အိုက်စ်များဖမ်းမိ”
သက်တမ်းလွန်ပစ္စည်းတွေ တွေ့ရနည်းလာဟု တာချီလိတ် FDA ဆို
တာချီလိတ်၊ ဒီဇင်ဘာလ ၅ တာချီလိတ်မြို့ရှိ အရောင်းဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ ယခင်ကထက် စစ်ဆေးတွေ့ရှိမှုနည်းပါး လာကြောင်း တာချီလိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန – FDA က ပြောသည်။ “အရင်က သက်တမ်းလွန်ပစ္စည်းတွေ အများကြီးတွေ့ရတယ်။ ခုနောက်ပိုင်းသိပ်မတွေ့တော့ဘူး။ နောက်ပိုင်းစစ်ဆေးနေတာသိတော့ ရောင်းတဲ့ဆိုင်တွေလဲ သတိထားပြီးပိုကြည့်ဖြစ်လာတယ်။ သူတို့ကိုယ်တိုင်က အမြဲရှင်းပစ်တယ်” ဟုတာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး(ဆေးဝါး)မှ ဒေါ်သိင်္ဂီထွန်းက ပြောသည်။ သုံးစွဲရန်မသင့်သည့်အစားသောက်ကုန်များ၊ အလှကုန်ပစ္စည်းများကို ကုန်စုံဆိုင်များတွင် ရောင်းချခြင်း ရှိ၊မရှိ တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန-FDA မှ လစဉ်ကွင်းဆေး စစ်ဆေးလျှက်ရှိပြီး ယနေ့ ဒီဇင်ဘာလ ၅ရက်တွင် တာချီလိတ်မြို့အတွင်းရှိ ဈေးဆိုင်အချို့ကို စစ်ဆေးကာ ကန့်သတ်ပစ္စည်းများကို သိမ်းဆည်းဖျက်ဆီးခဲ့သည်။ ယနေ့စစ်ဆေးမှုတွင် တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များကို …
Continue reading “သက်တမ်းလွန်ပစ္စည်းတွေ တွေ့ရနည်းလာဟု တာချီလိတ် FDA ဆို”
ICJ တွင်ရင်ဆိုင်မည့် အတိုင်ပင်ခံနှင့်အဖွဲ့အား ထောက်ခံပွဲကို လူဦးရေ ၅၀ဝ၀ခန့် ပါဝင်ရန် ရန်ရွယ်ထား
တာချီလိတ်၊ ဒီဇင်ဘာ ၄ ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၇နာရီမှ ၁၁နာရီအထိ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး ထောက်ခံစီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ရက် နံနက် ၇နာရီမှ ၁၁နာရီအထိ တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး ထောက်ခံစီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ နံနက် ၇နာရီတွင် ရှမ်းရိုးမကွင်း၌ စတင်လူစုပြီး ဘာသာကြီးလေးရပ်မှ ဘာသာရေးခေါင်းဆောင်များနှင့် ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူများအပါအဝင် ဟောပြောသူ (၆)ဦးမှ ဆွေးနွေးဟောပြောသွားမည် ဖြစ်ကြောင်း ထောက်ခံပွဲဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။ ဟောပြောပွဲကို နံနက် ၁၀နာရီတွင်အဆုံးသတ်ပြီး ရှမ်းရိုးမကွင်းမှ အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးရှိ အဝိုင်းအထိ …
လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေဧက (၂၀ဝ၀) နီးပါး တာချီလိတ်တွင် ပြန်လည်သိမ်းဆည်း
တာချီလိတ်၊ ဒီဇင်ဘာ ၄ တာချီလိတ်မြို့နယ်အတွင်း ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စိုက်ပျိုးမြေအဖြစ် လျှောက်ထားရယူထားပြီး လုပ်ငန်းအကောင်အထည် ဖော်ဆောင်နိုင်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက (၂၀ဝ၀) နီးပါးကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း သိရသည်။ စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်ရန် လျှောက်ထားရယူထားသည့် မြေများကို (၄)နှစ်အတွင်း အကောင်အထည်ဖော်ရ မည်ဟု မြေလုပ်ကိုင်ခွင့်ချထားပေးစဉ်က စည်းကမ်းသတ်မှတ်ထားပြီး ထိုသို့ အကောင်အထည်ဖော်ခြင်း မရှိသည့် မြေများကို ပြန်လည်သိမ်းဆည်းခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စီမံကိန်း ဦးစီးဌာနမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စုနှင့် ဟောင်လိတ်ကျေးရွာအုပ်စု၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုနှင့် ကျိုင်းလပ်မြို့နယ် နမ့်ခင်းကျေးရွာအုပ်စုတို့မှ မြေဧက ၁၉၆၈ ဒဿမ ၂၉ ဧကကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ …
Continue reading “လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် မြေဧက (၂၀ဝ၀) နီးပါး တာချီလိတ်တွင် ပြန်လည်သိမ်းဆည်း”