ဘန်ကောက်၊ ဒီဇင်ဘာ ၃ ထိုင်းနိုင်ငံမှ အာဏာရှင်ထောက်ခံသည့် အဖွဲ့အစည်းများက ဒီမိုကရေစီပြောင်းလဲမှုများကို ဆက်လက် ခုခံနေပါက လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြန်လည်မြင်တွေ့ရနိုင်သည်ဟု ထိုင်းနိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံပါတီ Future Forward ခေါင်းဆောင်က ပြောသည်။ လာမည့်လတွင် Future Forwardပါတီ ဖျက်သိမ်းခံရမလားဟု တရားသူကြီးများဆုံးဖြတ်ရန်ရှိနေချိန်တွင် ယခုလိုပြောဆိုခြင်း ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့၊ ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ပါတီနှင့် ပါတီအရာရှိကြီးများကို ပုဒ်မ ၂ ဒါဇင်ကျော်ဖြင့် ခေါင်းချိုးထားသည်ဟု သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်က ပြောသည်။အာဏာရှင်တွေက လူတွေအပြင်ထွက်အောင်လုပ်နေတယ်ဟု သာနာသွန်းကပြောသည်။ “အခြေအနေတွေထိန်းနိုင်တယ်လို့ သူတို့ကမြင်တဲ့ပုံပေါ်ပေမဲ့ လူတော်တော်များများက တခြားနည်းနဲ့တွေးမှာပါ။ ကျွန်တော်မယုံပါဘူး။ ဒါတော်တော်အန္တရာယ်များတဲ့ အလောင်းအစားပဲ” ဟုပြောသည်။ ထိုင်းစစ်တပ်က အာဏာဆက်ယူထားခြင်းကို ဝေဖန်နေသူသာနာသွန်းက အာဏာသိမ်းမှုများ ဖြစ်ခဲ့သည့် ရာဇဝင်ရှိသော နိုင်ငံတွင် …
Category Archives: Uncategorized
ထိုင်းကလေးငယ်များကို အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ပေးရန်ဆုံးဖြတ်
ဘန်ကောက်၊ ဒီဇင်ဘာ ၃ နိုင်ငံတဝှမ်းရှိ အစိုးရကျောင်းများတွင် အင်္ဂလိပ်စာအတန်းများ ပိုမိုတိုးမြှင့်ပေးရန် တနင်္လာနေ့က အစည်းအဝေးအပြီးတွင် ထိုင်းပညာရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။ အထူးအင်္ဂလိပ်စာအတန်းများကြောင့် ဥရောပဘာသာစကားအညွှန်း အခြေခံမူဘောင်(CEFR)တွင် ထိုင်းကျောင်းသားများအနိမ့်ဆုံး B2အဆင့်တွင် ရှိလိမ့်မည်ဟု ထိုင်းအခြေခံပညာရေးကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူး အမ်နက် ဝီချာယာနူဝက်ကပြောသည်။ CEFRအဆင့်အတန်းသည် ဥရောပနိုင်ငံများကြားတွင် ရေပန်းစားပြီး နိုင်ငံတကာလက်ခံသည့် သတ်မှတ်ချက်ဖြစ်သည့်အပြင် နိုင်ငံခြားဘာသာစကားလေ့လာသူများကို စွမ်းရည်အကဲဖြတ်ရာတွင် အများဆုံး လက်ခံကြသောတိုင်းတာမှုတစ်ခုလည်းဖြစ်သည်။ အင်္ဂလိပ်ဆရာများထပ်တိုးရှာရန် နိုင်ငံခြားသံရုံးများနှင့်လည်း ဝန်ကြီးဌာနက ဆွေးနွေးနေသည်။ အပိုသင်တန်းများကို လာမည့်စာသင်နှစ်ကစပြီး နိုင်ငံတဝန်းရှိ အစိုးရကျောင်းများတွင် မိတ်ဆက်သွားမည်ဟုလည်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံသည် EFအင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်းတွင် အဆင့် ၆၄ ရှိနေပြီး မြန်မာနှင့်ကမ္ဘောဒီးယားမှအပ အာရှတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုညွှန်းကိန်း အနည်းဆုံးနိုင်ငံဖြစ်သည်။ Source-Bangkok PostPhoto-Coconuts ဥက္ကာ #MeKongNews
တရုတ်နဂါးခံတွင်း၀ သက်ဆင်းနေရသည့် မြန်မာ့ပန်းဖူးလေးများ
တရုတ်အမျိုးသား တစ်ဦးနှင့် (၇)လကြာ လက်ထပ်ပေါင်းသင်းခဲ့ရသည့် အသက်(၁၄)နှစ်အရွယ် ရှမ်းတိုင်းရင်းသူ နန်း၏ အသွင်အပြင်က မူလတန်း ကျောင်းသူလေးနှင့် တူသည်။ ဖြူလွလွ အသားအရည်၊ မျက်နှာဝိုင်းဝိုင်း၊ ဆံပင်တိုတိုနှင့် သူမမှာ ငယ်ရုပ်မပျောက်သေးဘဲ ပိန်လှီသော ကိုယ်ခန္ဓာနှင့် သေးသွယ်သော ခြေချောင်း၊လက်ချောင်းလေးများ ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ ကျေးရွာလေးတစ်ရွာတွင် မိသားစုနှင့်အတူ နေထိုင်သော နန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး တရုတ်အမျိုးသားတစ်ဦးနှင့် (၇)လကြာ လက်ထပ် ပေါင်းသင်းခဲ့ရသည်။ ဒေသခံ လူပွဲစားများက အသက်(၁၄)နှစ်အရွယ် နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် နန်း၏ ဖခင်ဖြစ်သူကို စည်းရုံးခဲ့သည်။ နန်းကို တရုတ်အမျိုးသားနှင့် လက်ထပ်ပေးရန် သဘောတူလျှင် ထိုင်းဘတ်ငွေ (၇)သောင်း (မြန်မာငွေ ကျပ်သိန်း၃၀ကျော်)ဖြင့် …
Continue reading “တရုတ်နဂါးခံတွင်း၀ သက်ဆင်းနေရသည့် မြန်မာ့ပန်းဖူးလေးများ”
မြေနေရာလက်ဝယ်မရသေး၍ ကျိုင်းတုံ ဓာတ်အားခွဲရုံတည်ဆောက်ရန် တင်ဒါမခေါ်နိုင်သေး
တာချီလိတ်၊ ဒီဇင်ဘာ ၃ ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်ရန် တည်ဆောက်ရမည့် ၆၆ ကေဗွီ ဓာတ်အားခွဲစက်ရုံအတွက် မြေနေရာလက်ဝယ်မရသေးသည့်အတွက် ခွင့်ပြုဘတ်ဂျက်ငွေ ကျပြီးသော်လည်း တင်ဒါမခေါ်နိုင်သေးကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် မဟာဓာတ်အားလိုင် သွယ်တန်းမှုမှာ ကျိုင်းတုံမြို့အထိ မီးကြိုးတိုင်များ စိုက်ထူးပြီး ဖြစ်ကာ မီးကြိုးသွယ်တန်းမှုမှာ တာကော်တံတားကျော်လွန်လာပြီဖြစ်ကြောင်း၊ သို့သော် ကျိုင်းတုံမြို့တွင်း ဓာတ်အားဖြန့်ဖြူးရန်လိုအပ်သည့် ၆၆ကေဗွီဓာတ်အားခွဲစက်ရုံ တည်ဆောက်ရန်အတွက် မြေနေရာမှာ လက်ဝယ်မရသေးသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဝန်ကြီးကပြောသည်။ “ဓာတ်အားခွဲရုံနေရာကို အရင်တုန်းက မီးရထားမြေနေရာစွန့်လွှတ်ထားတဲ့ မြေ ၄ဧကကို တင်ပြထားတာရှိတယ်။ အဲဒါကို ပြည်ထောင်စုဘက်ကနေ ရှမ်းပြည်နယ်အစိုးရကို လွှဲပေးလိုက်မယ်ဆိုရင်တော့ လုပ်ငန်းလုပ်ရတာ အင်မတန်မှ မြန်ဆန်လာမယ်လို့ ယူဆတယ်” ဟု ၎င်းကပြောသည်။ ကျိုင်းတုံမြို့အတွက် ၆၆ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် …
Continue reading “မြေနေရာလက်ဝယ်မရသေး၍ ကျိုင်းတုံ ဓာတ်အားခွဲရုံတည်ဆောက်ရန် တင်ဒါမခေါ်နိုင်သေး”
ဟောင်လိတ်စက်မှုဇုန်သိမ်းဆည်းမြေပြန်ပေးရန် တောင်သူများနှင့်ညှိနှိုင်းမရဖြစ်နေ
တာချီလိတ်၊ ဒီဇင်ဘာ ၃ တာချီလိတ်မြို့ရှိ ဟောင်လိတ်စက်မှုဇုန်အတွက် သိမ်းဆည်းထားသည့် မြေများထဲမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသည့် မြေဧက ၃၁၇ဧကကို တောင်သူများထံ ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် မူလတောင်သူများအကြား ညှိနှိုင်းမရ ဖြစ်နေကြောင်း သိရသည်။ သိမ်းဆည်းမြေ ၃၁၇ဧက ပြန်လည်ပေးအပ်ရန်အတွက် အစိုးရတာဝန်ရှိသူများနှင့် တောင်သူများအကြား ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂ရက်၊ နံနက်ပိုင်းက ဆေခမ်းရပ်ကွက်ရှိ ရှမ်းဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။ စက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် သိမ်းဆည်းထားသည့်မြေများထဲမှ အကောင်အထည်ဖော်ခြင်းမရှိသည့် မြေဧက ၃၁၇ ဧကကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မူလတောင်သူများထံ ပြန်လည်စွန့်လွှတ်ပေးရန် ဆွေးနွေးရာ မူလတောင်သူအချို့က စက်မှုဇုန်ဧရိယာအတွင်း ဟုန်ပန်းကုမ္ပဏီက ရယူထားသည့် မြေဧက ၁၀၀ထဲမှ အကောင်အထည် မဖော်ရသေးသည့် မြေဧက ၆၀ကျော်ကိုပါ ပြန်လည်ပေးအပ်ရန် တောင်းဆိုကြခြင်း ဖြစ်သည်။ …
Continue reading “ဟောင်လိတ်စက်မှုဇုန်သိမ်းဆည်းမြေပြန်ပေးရန် တောင်သူများနှင့်ညှိနှိုင်းမရဖြစ်နေ”
မြန်မာမူးယစ်ဆေးကုန်ကူးသူကို ထိုင်းရဲများအသေပစ်ဖမ်း
နခွန်ဆီသာမရတ်၊ ဒီဇင်ဘာ ၂ ထိုင်းတောင်ပိုင်းအာဏာပိုင်တွေက speedစိတ်ကြွဆေး ၅ သိန်းကျော်၊ crystal meth စိတ်ကြွဆေး ၁၀ ကီလိုဂရမ်ကို သောကြာနေ့ကနခွန်ဆီသာမရတ်ခရိုင်မှာ ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ပြီး အသေဖမ်းမိခဲ့သည့် မြန်မာမူးယစ်ဆေးကုန်ကူးတဲ့လူတစ်ယောက်ငှားထားသည့်အိမ်မှ သိမ်းဆည်းရမိခဲ့သည်။ စနေနေ့မှာ ပတ်တာနာခမ်းရှိအိမ်ကိုစီးနင်းရှာဖွေရာ ရဲများဦးဆောင်ခဲ့သည်ဟု ရဲဗိုလ်ချုပ်ဆွန်သီချိုင် အာဝက်တနာခူသပ်က ပြောသည်။ Crystal Methနှင့် တခြားမူးယစ်ဆေးများ ထုတ်လုပ်သိုလှောင်ရန် အိမ်ကိုသုံးထားသည်ဟု အရာရှိများက ပြောသည်။ ဦး အမည်ရှိမြန်မာနိုင်ငံသားမူးယစ်ကုန်ကူးသူက အိမ်ငှားထားသည်ဟုလည်းသိရသည်။ ဝယ်လက်အသွင်ယူထားသောထိုင်းရဲ၏အမှာကို လာပို့မည်ဟု သေဆုံးသူက သဘောတူခဲ့ပြီး သူက ပစ်ကပ်ကားမောင်းလာချိန် ရဲများဝိုင်းလာသဖြင့် ပစ်ဖောက်ထွက်ပြေးခဲ့သော်လည်း ထိုင်းရဲများက အသေဖမ်းမိခဲ့ပြီး ပစ်ကပ်ကားလည်း လမ်းဘေးမြောင်းထဲထိုးကျခဲ့သည်။ အိမ်ထဲထပ်ရှာဖွေရာမှာ စိတ်ကြွဆေးများဖမ်းမိခဲ့ပြီး သူ၏ထိုင်းဇနီးသည်ကိုလည်း မေးမြန်းစစ်ဆေးရန် ထိန်းသိမ်းထားသည်။ ဦးဟာ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးအကြီးစားကုန်ကူးနေသူဖြစ်ပြီး အဆက်အသွယ်အများကြီးရှိသည်ဟု ရဲဗိုလ်ချုပ်ဆွန်သီချိုင် အာဝက်တနာခူသပ်ကပြောသည်။ …
Continue reading “မြန်မာမူးယစ်ဆေးကုန်ကူးသူကို ထိုင်းရဲများအသေပစ်ဖမ်း”
ဆိုင်ရှင်ကို သေနတ်ဖြင့်ထောက်ကာ ငွေလဲဆိုင်မှ ကျပ်သိန်း(၂၀ဝ)ခန့် လုယူ
တာချီလိတ်၊ ဒီဇင်ဘာ ၂ တာချီလိတ်မြို့တွင် ငွေလဲဆိုင် ဆိုင်ရှင်ကိုသေနတ်ဖြင့် ချိန်ကာ အမျိုးသား (၄)ဦးက ကျပ်သိန်း(၂၀ဝ)ခန့်တန်ဖိုးရှိ တရုတ်၊ ထိုင်း၊ မြန်မာငွေများကို ဒီဇင်ဘာလ ၂ရက်၊ နံနက် ၇နာရီခန့်က လုယက်သွားသည်။ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေလဲဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာလ ၂ရက်၊ နံနက်ပိုင်းက အမျိုးသား (၄)ဦးရောက်လဲပြီး ငွေလဲမည်ဟုဆိုကာ သေနတ်ဖြင့်ချိန်ပြီး ကျပ်သိန်း (၂၀ဝ)ခန့်တန်ဖိုးရှိ ငွေများကို လုယူခဲ့သည်။ ထိုသိုု့လုယူပြီးနောက် ဆိုင်ရှေ့သို့ ရွှေငါးအမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီး ဆိုက်ရောက်လာပြီး ငွေလုယက်သွားသည့် အမျိုးသား (၄)ဦးမှာ အဆိုပါမော်တော်ယာဉ်ပေါ်သို့ တက်ရောက်ကာ ထွက်ပြေးသွားကြောင်း ငွေလုယူခံရသည့် ဆိုင်ပိုင်ရှင်၏ သားဖြစ်သူက ပြောသည်။ ဝင်ရောက်လုယက်သူများကို တာချီလိတ်မြို့ရဲစခန်းတွင် (ပ)၆၆၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့် …
Continue reading “ဆိုင်ရှင်ကို သေနတ်ဖြင့်ထောက်ကာ ငွေလဲဆိုင်မှ ကျပ်သိန်း(၂၀ဝ)ခန့် လုယူ”
Mister Universe Tourism 2019 တွင် တာချီလိတ်မှ Mister ဇွဲမင်းခန့် Photogenic ဆုရရှိ
တာချီလိတ်၊ ဒီဇင်ဘာ ၁ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပပြုလုပ်သည့် Mister Universe Tourism 2019 တွင် တာချီလိတ်မြို့မှ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် Mister တစ်ဦးဖြစ်သူ ဇွဲမင်းခန့်က Mister Photogenic ဆုကို ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Makati City တွင် နိုဝင်ဘာလ ၁၇ရက်မှ ၂၇ရက်အထိ ကျင်းပသည့် Mister Universe Tourism 2019 ပြိုင်ပွဲကို အာဆီယံနှင့် အာရှဒေသရှိ နိုင်ငံကိုယ်စားပြု Misterများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု တာချီလိတ်မြို့မှ Mister ဇွဲမင်းခန့်က Mister Photogenic Award ဆုရရှိခဲ့ပြီး Mister Universe ဆုတွင်လည်း စကာတင် (၅)ဦးစာရင်း ဝင်ခဲ့ကြောင်း သိရသည်။ …
ICJ တွင် အတိုင်ပင်ခံဦးဆောင်ဖြေရှင်းမည်ကို မိုင်းလားကလည်း ထောက်ခံ
တာချီလိတ်၊ ဒီဇင်ဘာ ၁ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး – ICJ တွင် တရားစွဲဆိုထားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်း အထူးဒေသ(၄)၊ မိုင်းလားက ဒီဇင်ဘာလ ၁ရက်က ထုတ်ပြန်ကြေညာသည်။ ICJ တွင် ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွားရောက်ဖြေရှင်းမည့်အပေါ် လုံးဝထောက်ခံကြောင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီး အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အသံကို နားစွင့်ပေးကြရန် မေတ္တာရပ်ခံကြောင်း အထူးဒေသ(၄)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ အကြား အမြင်ကွဲပြားမှုများ ရှိနေပြီး အထူးသဖြင့် FPNCC – မြောက်ပိုင်းအင်အားစုများကြားတွင် အဆိုပါ …
Continue reading “ICJ တွင် အတိုင်ပင်ခံဦးဆောင်ဖြေရှင်းမည်ကို မိုင်းလားကလည်း ထောက်ခံ”
ကျိုင်းတုံမြို့အနီးကိုဗဟိုပြုပြီး ငလျင်လှုပ်
တာချီလိတ်၊ ဒီဇင်ဘာ ၁ ကျိုင်းတုံမြို့အနီးမှာ ဒီဇင်ဘာလ ၁ရက်၊ နံနက်အစော ၁၂နာရီ ၄၂မိနစ်ခန့်မှာ ရစ်(ခ်)တာစကေား ၄ ဒဿမ ၁ ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။ ဒီဇင်ဘာလ (၁)ရက်၊ မြန်မာစံတော်ချိန် (ဝဝ)နာရီ၊ (၄၂)မိနစ်၊ (ဝ၅) စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက်(၆၂)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း၊ (မိုင်းပြင်းမြို့၏ အနောက်မြောက်ဘက် (၂၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒဿမ ၆၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒဿမ ၇၁)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒဿမ ၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု …
Continue reading “ကျိုင်းတုံမြို့အနီးကိုဗဟိုပြုပြီး ငလျင်လှုပ်”