လာရောက်တည်းခိုသူ၏ဆိုင်ကယ်ထဲမှ စိတ်ကြွဆေးပြား ၁၅၀ဝ၀ ကျော်ဖမ်းမိ

တာချီလိတ်၊ နိုဝင်ဘာ ၂၆ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့က တည်းခိုခန်းတစ်ခုကို လာရောက်တည်းခိုသူ (၂)ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရာကနေ စိတ်ကြွဆေးပြား ၁၅၆၀ဝ ပြားကို နိုဝင်ဘာလ ၂၆ရက်၊ နံနက်အစော (၁)နာရီခန့်က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။ ကျိုင်းလပ်မြို့၊ ဝမ်လုံ(၁)ရပ်ကွက်ရှိ ‘စိန်တည်းခိုခန်း’ သို့ နိုဝင်ဘာလ ၂၆ရက်၊ နံနက်အစော (၁)နာရီခန့်က ကျဘားနှင့်ကျအိ ဆိုသူ အမျိုးသား(၂)ဦး လာရောက် တည်းခိုရာ မှတ်ပုံတင်မပါသည့်အတွက် မသင်္ကာ၍ တည်းခိုခန်းပိုင်ရှင်မှ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ရာ အဆိုပါတည်းခိုသူ (၂)ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း ကျိုင်းလပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ကြောင့် ၎င်းတို့မောင်းနှင်လာသည့် ဆိုင်ကယ်ဖင်ထိုင်ခုံအောက်ကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၅၆၀ဝ)ပြား (ကာလတန်ဖိုး ကျပ် ၁၅၆သိန်း)ကို …

မျိုးဆက်ကွာဟမှုကြောင့် မီဒီယာရယူမှုပုံစံကွဲနေ

ဘန်ကောက်၊ နိုဝင်ဘာ ၂၅ ထိုင်းအသက်ကြီးပိုင်း မျိုးဆက်များသည် သတင်းနှင့်အချက်အလက်များ ရရှိနိုင်ရန်အတွက် သမာရိုးကျ မီဒီယာ ပလက်ဖောင်းများကိုသာ ဖက်တွယ်နေဆဲဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ထိုသို့ သမာရိုးကျ မီဒီယာပလက်ဖောင်းများကို ဖက်တွယ်ထားမှုကြောင့် နိုင်ငံ၏ ဒီဂျစ်တယ်ပြောင်းလဲရေး အရွေ့ကိုနှေးကွေးစေကြောင်း စစ်တမ်းကဆိုသည်။ လူထု၏ မီဒီယာရယူမှုကို လေ့လာသည့် ယင်းလေ့လာမှုစစ်တမ်းကို ထိုင်းနိုင်ငံ National Broadcasting and Telecommunications Comission နှင့် သမ္မားဆပ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်တမ်းကို နိုင်ငံအနှံ့က ခရိုင် ၂၆ခရိုင်ရှိ အိမ်ထောင်စုပေါင်း တစ်သောင်းကို မေးမြန်းမှုအပေါ် အခြေခံခဲ့ကြောင်း သမ္မားဆပ်တက္ကသိုလ်၏ စီးပွားရေးပညာရှင် ဆူဖတ်ဆူဖာချာလာစိုင်က ဆိုသည်။ မျိုးဆက်အရသာမဟုတ်ဘဲ ပညာရေးအနိမ့်အမြင့်အရလည်း ဒီဂျစ်တယ်အသုံးပြုမှု ကွဲပြားနေသည်ကို အဓိက တွေ့ရှိခဲ့တယ်ကြောင်း မစ္စတာဆူဖတ်ကပြောသည်။ ယင်းစစ်တမ်းလေ့လာမှုမှာ …

ဂူတာပြင်ကိစ္စ အကျဉ်းစစ်တရားရုံးတွင် ယနေ့စတင်စစ်ဆေးမည်

အမြင့်ဆုံးပြစ်ဒဏ်မှ သေဒဏ်ဖြစ် တာချီလိတ်၊ နိုဝင်ဘာ ၂၆ လူရာချီအသတ်ခံရသည်ဟု စွတ်စွဲနေသော ဂူတာပြင်ရွာကိစ္စ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိသည့် တပ်မတော်သားများအပေါ် သေဒဏ်အထိချမှတ်နိုင်သော စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဖြစ်စဉ်အချို့တွင် တပ်မတော်အက်ဥပဒေ(The Defence Services Act ) ၊ တပ်မတော်နည်းဥပဒေများ(The Defence Services Rules )နှင့် အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံး ( Court of Inquiry )က စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သည့် ထင်မြင်ယူဆချက်အရ စစ်ဘက်တရားစီရင်ရေး၏ လုပ်ငန်းစဉ်များ ( Process of Military Justice)အတိုင်း ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်း …

ရှမ်းအရှေ့တွင် လားဟူဓမ္မတက္ကသိုလ်ဖွင့်လှစ်

တစ်နိုင်ငံလုံးမှ နှစ်ခြင်းခရစ်ယာန်များကို လက်ခံသွားမည် ကျိုင်းတုံ၊ နိုဝင်ဘာ ၂၄ ဓမ္မကျမ်းစာများ သင်ကြားပို့ချပေးမည့် လားဟူဓမ္မတက္ကသိုလ် ကျမ်းစာသင်ကျောင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေကျေးရွာအုပ်စု၊ ပန်ဝိုင်(အထက်)ရွာ၌ နိုဝင်ဘာလ ၂၄ရက် နံနက် ၁၀နာရီခွဲခန့်က ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ လားဟူ ဓမ္မတက္ကသိုလ် ကျောင်းအုပ်ကြီး သိက္ခာတော်ရ ဒေါက်တာနာသန်ဖန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်တို့က အမှာစကားပြောကြားခဲ့သည်။ လားဟူဓမ္မတက္ကသိုလ်တွင် တစ်နိုင်ငံလုံးမှ နှစ်ခြင်းခရစ်ယာန်များကို လက်ခံသွားမည်ဖြစ်ပြီး တက္ကသိုလ်ကို မြန်မာတစ်နိုင်ငံလုံးရှိ နှစ်ခြင်းခရစ်ယာန်ကျောင်းပေါင်း ၄၀ဝခန့်မှ …

စိုက်ပျိုးမွေးမြူရေးမှာ ခေတ်မီနည်းစနစ်တွေ သုံးတတ်စေဖို့ ကျေးရွာသားတွေကို သင်တန်းပေး

သင်တန်းသား ၂၅ဦးတက်ရောက် တာချီလိတ်၊ နိုဝင်ဘာ ၂၅ ကျေးရွာများတွင် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုတတ်စေရန်နှင့် တိရိစ္ဆာန်များတွင် ရောဂါကျရောက်ပါက အချိန်မီကုသနိုင်သည့် နည်းစနစ်များ တတ်မြောက်ရန်အတွက် ကျေးရွာသားများကို တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနတွင် နိုဝင်ဘာလ ၂၅ရက်မှ စတင်ကာ ၅ရက်ကြာသင်တန်း ပေးသည်။ သင်တန်းကို တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများ သိသင့်သည့် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များ၊ သီးနှံရောဂါပိုး ကာကွယ်ခြင်း သိကောင်းစရာများ၊ တိရိစ္ဆာကုသရေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ “ဒီဘက်ဒေသမှာက စိုက်ပျိုးရေးဆိုရင်လည်း မိရိုးဖလာနည်းတွေပဲ အသုံးများတယ်။ ဒါကြောင့် ခေတ်မီစိုက်ပျိုးရေးနည်း စနစ်တွေ သင်ကြားပေးမယ်။ မွေးမြူရေးဆိုရင်လည်း ရောဂါကျရောက်လာရင် …

ထိုင်း-လာအိုနယ်စပ် အင်အားပြင်းငလျင်လှုပ်

ရှမ်းရှေ့နှင့် ဘန်ကောက်အထိ လှုပ်ခတ်မှုကိုခံစားရ တာချီလိတ်၊ နိုဝင်ဘာ ၂၁ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်နမိတ်အနီးတွင် ယနေ့နံနက် မြန်မာစံတော်ချိန် ၆နာရီ မိနစ် ၂၀ခန့်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း နိုင်ငံတကာ သတင်းများအရ သိရသည်။ ထိုင်း-လာအိုနယ်စပ် မောင်းနန်ဒေသ မြောက်ဘက် ၉၂ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ၆ ဒဿမ ၁ မဂ္ဂနီကျု ပြင်းအားရှိသည့် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနဌာန – USGS က ထုတ်ပြန်ခဲ့ပြီး ငလျင်၏အနက်ဟာ မြေအောက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါငလျင်၏ လှုပ်ခတ်မှုကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသနှင့် ထိုင်းနိုင်ငံဘန်ကောက်မြို့အထိ ခံစားခဲ့ရကြောင်း သတင်းများအရသိရသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တွင် …

ဘာသာစကားသင်တန်း တက်ရောက်ရန် တောင်ကိုရီးယားတွင်အလုပ်သွားလုပ်မည့် ထိုင်းနိုင်ငံသားများကို တိုက်တွန်း

တောင်ကိုရီးယားတွင် ထိုင်းတရားမဝင်အလုပ်သမား ၁၇၀ဝ၀ဝ ခန့်ရှိ ဘန်ကောက်၊ နိုဝင်ဘာ ၁၁ တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင်သွားရောက်အလုပ်လုပ်နေသည့်ထိုင်းနိုင်ငံသား အရေအတွက်လျှော့ချရန် ကြိုးစားသည့်အနေဖြင့် အခမဲ့ဘာသာစကားသင်တန်းများ တက်ရောက်ရန် ထိုင်းအလုပ်သမားများကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက တိုက်တွန်းနေသည်။ ကိုရီးယားဘာသာပိုကျွမ်းကျင်ပါက တရားမဝင်အလုပ်သမားအရေအတွက်လျှော့ချနိုင်သည်ဟု ထိုင်းအလုပ်ခန့်ထားမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ပိုင်ရော့ ချိုတီကာဆာတျန်က ပြောသည်။ “နိုင်ငံခြားအလုပ်သမားတွေကို တောင်ကိုရီးယားအစိုးရက ဘာသာစကားကျွမ်းကျင်မှုစစ်တော့ ပြဿနာစတက်တာပဲ။ ထိုင်းအလုပ်သမား ၂၅ ရာခိုင်နှုန်းပဲ စာမေးပွဲအောင်တယ်။ ကျတဲ့လူတွေကျတော့ တရားမဝင်အလုပ်သမားတွေဖြစ်ကုန်တော့တာပဲ”ဟု ပိုင်ရော့ကပြောသည်။ တောင်ကိုရီးယားတွင် ထိုင်းတရားမဝင်အလုပ်သမား ၁၇၀ဝ၀ဝ ခန့်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။ သို့သော် အလုပ်ပါမစ်ရရန် နှစ်စဉ် လုပ်သား ၆၀ဝ၀ သာ ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲဝင်ဖြေကြသည်ဟုလည်းသိရသည်။ ထိုင်းနိုင်ငံနှင့်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာသဘောတူညီချက်များရှိသည့်နိုင်ငံတချို့၏ဘာသာစကားများတွင် ထိုင်းအလုပ်သမားများအရည်အချင်းမြင့်တက်စေရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက စီစဉ်နေသည်။ တောင်ကိုရီးယားနှင့်ဂျပန်ပါဝင်နေသည့်ထိုနိုင်ငံများ၏စည်းမျဉ်းများနှင့်ကိုက်ညီစေရန် ထိုင်းအစိုးရကဖန်တီးပေးစေနိုင်ရေး ငွေကြေးထောက်ပံ့ခြင်းများလည်းပါဝင်သည်ဟု ပိုင်ရော့ကပြောသည်။ ထိုင်းအလုပ်ခန့်ထားရေးဌာနက ဘာသာစကားသင်တန်းများဖွင့်လှစ်ခဲ့သော်လည်း …

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်လမ်းကြောင်းအတွက်လမ်းညွှန်ချက်များ ထိုင်းအစိုးရလက်ခံရန်ရှိနေ

နိုဝင်ဘာ ၁၁ ၊ ဘန်ကောက် ထိုင်းအမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ကတင်သွင်းထားသည့် အခြေခံအဆောက်အဦဖွံ့ဖြိုးမှုစည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က လက်ခံကျင့်သုံးရန်ရှိ၊ မရှိ အင်္ဂါနေ့တွင် မေးမြန်းရန်ရှိသည်။ ကြာရှည်စောင့်နေရပြီး မြန်မာနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းအရှေ့ဘက်စီးပွားရေးကော်ရစ်ဒါ(EEC)တို့ချိတ်ဆက်ပေးမည့် လမ်းကြောင်းကို ထိုင်းအစိုးရက စတင်အကောင်အထည်ဖော်ဖို့စီစဉ်နေချိန်တွင် မေးမြန်းရန်စီစဉ်နေခြင်းဖြစ်သည်။ မြန်မာ၊ ထိုင်းနိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများကိုချိတ်ဆက်မည့်စီမံကိန်းများနှင့် ရသုံးငွေများခွင့်ပြုရာတွင် ဆက်စပ်ဝန်ကြီးများအနေနှင့် လမ်းညွှန်ချက်များအတိုင်းလိုက်နာရန် NESDCကဖြစ်စေချင်နေသည်ဟု သတင်းရင်းမြစ်တစ်ယောက်ကပြောသည်။ သတင်းရင်းမြစ်၏အပြောအရ NESDCရဲ့လမ်းညွှန်ချက်များက အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းများအတွက် အရည်အသွေးပြည့်မီစေပြီး နေရာ ၃ ခုကို နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့စက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ခရီးသွားလုပ်ငန်းများအတွက် အချက်အချာနေရာတစ်ခုဖြစ်လာရန် ရည်ရွယ်ထားသည်ဟုသိရသည်။ “ရထားလမ်းနဲ့ကားလမ်းတည်ဆောက်ရာမှာတော့ NESDCရဲ့ညွှန်ကြားချက်တွေက အဓိကကျနေတယ်။ လမ်းပြီးတာနဲ့ ထားဝယ်ကနေ EECကို ကုန်တွေ၊ လူတွေပို့ဆောင်ပေးရင် အဓိကအခန်းကဏ္ဍကနေပါဝင်နေမှာမို့လို့ပါ။” ဟုလည်းပြောသည်။ ကန်ချာနာဘူရီခရိုင်မှ နယ်စပ်မြို့ဖြစ်သော …

ဆေးခြောက်တရားဝင်ခွင့်ပြုနိုင်ရေး လှုပ်ရှားမှု စတင်

နိုဝင်ဘာ ၁၀ မောင်မျိုး ဆေးခြောက်တရားဝင် ခွင့်ပြုစေရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ၁၁ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ မဟာဗန္ဓုလပန်းခြံတွင် မီးပုံပျံ ၁၁၁လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း ဆေးခြောက် တရားဝင် ဖြစ်မြာက်ရေး(NJ)၏ ဦးဆောင်သူများက ဆိုသည်။ ဆိုင်းဘုတ်များကိုင်ဆောင်ခြင်း စုပေါင်းဓာတ်ပုံရိုက်ခြင်းနှင့် အသိပညာဖလှယ်ခြင်း စသည့် အစီစဉ်များလည်း ပါဝင်သွားမည် ဖြစ်သည်။ “ဆေးခြောက်ကို တရားဝင် ခွင့်ပြုလိုက်ရင် စီးပွားရေးအရ တိုးတက်လာမယ်။ အခွန်တွေရမယ် ဒါ့အပြင် ဘိန်းစိုက်တောင်သူတွေပါ စိုက်လာနိုင်ရင် ဘိန်းဖြူသုံးစွဲမှုတွေလျော့ကျလာမယ်။ ဒါကြောင့်တောင်းဆိုနေတာ” ဟု ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ NJ မှ စိန်လှမောင် က ဆိုသည်။ နိုင်ငံပေါင်း သုံးဆယ်ကျော်တွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဆေးခြောက်သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါအပါအဝင် တခြားသော ရောဂါအများစုကို ပျောက်ကင်းစေခြင်းကြောင့် အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုစေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။ …

အမတော်ကြေးလျှောက်ထားသည့်ထိုင်းလယ်သမားအရေအတွက် သတ်မှတ်ရန်ပုံငွေထက်ကျော်လွန်နေ

ဘန်ကောက်၊ နိုဝင်ဘာ ၈ မှန်းချက်ထက်ကျော်လွန်သည့်ထိုင်းလယ်သမားများကြောင့် ဆန်အမတော်ကြေးရန်ပုံငွေသို့ ဘတ်သန်း ၂၆၀ဝ အနည်းဆုံးထပ်မံဖြည့်ရမည်ဟု ထိုင်းစိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးသမဝါယမများဘဏ်ကပြောသည်။ လျှောက်ထားသူစုစုပေါင်း ၄.၄ သန်းရှိပြီး မှန်းချက်ထက် လူ ၉ သောင်းကျော်နေသဖြင့် ဘတ်သန်း ၂၆၀ဝ လိုနေခြင်းဟု ဘဏ်ဥက္ကဋ္ဌအပီရွန် ဆွတ်ပရာဆာ့တ်ကပြောသည်။ ထိုင်းတောင်ပိုင်းမှလယ်သမားများမှတ်ပုံမတင်ရသေးသဖြင့် ရန်ပုံငွေပိုရှာရချေရှိသည်ဟုလည်း ဆိုသည်။ ပုံမှန်အားဖြင့် ထိုင်းတောင်ပိုင်းတွင် တခြားနေရာများထက် ကောက်ရိတ်ချိန်လပိုင်းနောက်ကျသည်။ ထိုင်းအစိုးရ၏စိုက်ပျိုးရေးအကူအညီအစီအစဉ်များတွင် တချို့သောသီးနှံများအတွက် ဈေးနှုန်းအာမခံခြင်းလည်းပါဝင်သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာတွင် ၂၀၁၈- ၂၀၁၉ စိုက်ပျိုးရေးရာသီစတင်ပြီးနောက် ထိုင်းအစိုးရက အမတော်ကြေးအတွက် ဘတ်သန်း ၂၄၈၀ဝ ရန်ပုံငွေသတ်မှတ်ထားသည်။ အစီအစဉ်အရ တစ်အိမ်အတွက် တစ်ရိုင်လျှင် ဘတ် ၅၀ဝ နှုန်းဖြင့် ရိုင် ၂၀ စာအထိထောက်ပံ့ရန်စီစဉ်ထားသည်။ ထိုင်းအစိုးရ၏လယ်သမားများဝင်ငွေအာမခံရေးကော်မတီက ဆန်၊ ရော်ဘာ၊ သာကူစေ့၊ …

Design a site like this with WordPress.com
Get started