မျိုးဆက်ကွာဟမှုကြောင့် မီဒီယာရယူမှုပုံစံကွဲနေ

ဘန်ကောက်၊ နိုဝင်ဘာ ၂၅ ထိုင်းအသက်ကြီးပိုင်း မျိုးဆက်များသည် သတင်းနှင့်အချက်အလက်များ ရရှိနိုင်ရန်အတွက် သမာရိုးကျ မီဒီယာ ပလက်ဖောင်းများကိုသာ ဖက်တွယ်နေဆဲဖြစ်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ထိုသို့ သမာရိုးကျ မီဒီယာပလက်ဖောင်းများကို ဖက်တွယ်ထားမှုကြောင့် နိုင်ငံ၏ ဒီဂျစ်တယ်ပြောင်းလဲရေး အရွေ့ကိုနှေးကွေးစေကြောင်း စစ်တမ်းကဆိုသည်။ လူထု၏ မီဒီယာရယူမှုကို လေ့လာသည့် ယင်းလေ့လာမှုစစ်တမ်းကို ထိုင်းနိုင်ငံ National Broadcasting and Telecommunications Comission နှင့် သမ္မားဆပ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်တမ်းကို နိုင်ငံအနှံ့က ခရိုင် ၂၆ခရိုင်ရှိ အိမ်ထောင်စုပေါင်း တစ်သောင်းကို မေးမြန်းမှုအပေါ် အခြေခံခဲ့ကြောင်း သမ္မားဆပ်တက္ကသိုလ်၏ စီးပွားရေးပညာရှင် ဆူဖတ်ဆူဖာချာလာစိုင်က ဆိုသည်။ မျိုးဆက်အရသာမဟုတ်ဘဲ ပညာရေးအနိမ့်အမြင့်အရလည်း ဒီဂျစ်တယ်အသုံးပြုမှု ကွဲပြားနေသည်ကို အဓိက တွေ့ရှိခဲ့တယ်ကြောင်း မစ္စတာဆူဖတ်ကပြောသည်။ ယင်းစစ်တမ်းလေ့လာမှုမှာ …

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်လမ်းကြောင်းအတွက်လမ်းညွှန်ချက်များ ထိုင်းအစိုးရလက်ခံရန်ရှိနေ

နိုဝင်ဘာ ၁၁ ၊ ဘန်ကောက် ထိုင်းအမျိုးသားစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ကတင်သွင်းထားသည့် အခြေခံအဆောက်အဦဖွံ့ဖြိုးမှုစည်းမျဉ်းများကို ထိုင်းအစိုးရအဖွဲ့က လက်ခံကျင့်သုံးရန်ရှိ၊ မရှိ အင်္ဂါနေ့တွင် မေးမြန်းရန်ရှိသည်။ ကြာရှည်စောင့်နေရပြီး မြန်မာနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းအရှေ့ဘက်စီးပွားရေးကော်ရစ်ဒါ(EEC)တို့ချိတ်ဆက်ပေးမည့် လမ်းကြောင်းကို ထိုင်းအစိုးရက စတင်အကောင်အထည်ဖော်ဖို့စီစဉ်နေချိန်တွင် မေးမြန်းရန်စီစဉ်နေခြင်းဖြစ်သည်။ မြန်မာ၊ ထိုင်းနိုင်ငံအလယ်ပိုင်းလွင်ပြင်ဒေသနှင့် အရှေ့ဘက်ကမ်းရိုးတန်းဒေသများကိုချိတ်ဆက်မည့်စီမံကိန်းများနှင့် ရသုံးငွေများခွင့်ပြုရာတွင် ဆက်စပ်ဝန်ကြီးများအနေနှင့် လမ်းညွှန်ချက်များအတိုင်းလိုက်နာရန် NESDCကဖြစ်စေချင်နေသည်ဟု သတင်းရင်းမြစ်တစ်ယောက်ကပြောသည်။ သတင်းရင်းမြစ်၏အပြောအရ NESDCရဲ့လမ်းညွှန်ချက်များက အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းများအတွက် အရည်အသွေးပြည့်မီစေပြီး နေရာ ၃ ခုကို နယ်စပ်ကုန်သွယ်ရေး၊ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့စက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ခရီးသွားလုပ်ငန်းများအတွက် အချက်အချာနေရာတစ်ခုဖြစ်လာရန် ရည်ရွယ်ထားသည်ဟုသိရသည်။ “ရထားလမ်းနဲ့ကားလမ်းတည်ဆောက်ရာမှာတော့ NESDCရဲ့ညွှန်ကြားချက်တွေက အဓိကကျနေတယ်။ လမ်းပြီးတာနဲ့ ထားဝယ်ကနေ EECကို ကုန်တွေ၊ လူတွေပို့ဆောင်ပေးရင် အဓိကအခန်းကဏ္ဍကနေပါဝင်နေမှာမို့လို့ပါ။” ဟုလည်းပြောသည်။ ကန်ချာနာဘူရီခရိုင်မှ နယ်စပ်မြို့ဖြစ်သော …

ISIS ခေါင်းဆောင်ကို စီးနင်းရာမှာ ကူညီတဲ့ခွေးလေးကို အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့်ဖိတ်

လာမယ့်သီတင်းပတ်အတွင်းအိမ်ဖြူတော်ကိုလာမည်ဖြစ်သည် ဝါရှင်တန်၊ နိုဝင်ဘာ ၁ အစ္စလာမ်မစ်စစ်သွေးကြွ – ISIS ခေါင်းဆောင်ဖြစ်သူ အဘူဘာကာ အယ်ဘာဒါဒီကို အသေဖမ်းစီးနိုင်ခဲ့သည့် စီးနင်းမှုတွင် ပါဝင်ကူညီခဲ့သည့် အမေရိကန်စစ်တပ်မှ တပ်ဖွဲ့ဝင် ခွေးလေးကို အိမ်ဖြူတော်သို့ လာရောက်လည်ပတ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စီစဉ်လိုက်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က သမ္မတ ထရမ့်က သူ၏ တွစ်တာ စာမျက်နှာတွင် ခွေးလေး ကိုနန် မှာ လာမည့်သီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်း ဒေသကနေ အိမ်ဖြူတော်သို့ လာမည်ဖြစ်ကြောင်း ရေးသားထားသည်။ အမေရိကန်သီတင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် ဒေးလီးဝါယာက Photoshop ဖြင့် ပြုပြင်ကာ တင်ထားသည့် ခွေးလေး ‘ကိုနန်’ ကို သမ္မတထရမ့်က အမေရိကန်သူရဲကောင်း ဆုတံဆိပ်ပေးနေသည့် ဓာတ်ပုံကို ထရမ့်က သူ၏ တွစ်တာအကောင့်တွင် တင်ကာ …

ထိုင်းထုတ်ကုန်အချို့ အခွန်ကင်းလွတ်ခွင့် ဒေါ်နယ်ထရမ့်ရပ်ဆိုင်း

ရပ်ဆိုင်းမှုဟာ ၆ လ အတွင်း စတင်မည်ဖြစ်သည် ဝါရှင်တန်၊ အောက်တိုဘာ ၂၆ ထိုင်းနိုင်ငံက ထုတ်လုပ်တင်သွင်းသည့် ထုတ်ကုန်အချို့အတွက် အခွန်ကင်းလွတ်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောဆိုသည်။ နိုင်ငံတကာက အသိအမှတ်ပြုသည့် အလုပ်သမားအခွင့်အရေးကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက လိုက်ပါဆောင်ရွက်ခြင်း မရှိသည့်အတွက် ထိုင်းထုတ်ကုန်အချို့ကို အခွန်ကင်းလွတ်ခွင့် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အထက်လွှတ်တော်ဥက္ကဌ နန်စီနှင့် အောက်လွှတ်တော်ဥက္ကဌ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ထံ ပေးပို့သည့် စာတွင် ရေးသားထားသည်။ အခွင်ကင်းလွတ်ခွင့် ရပ်ဆိုင်းမည့် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ(ထိုင်းဘတ် ၄၀ ဘီလီယံခန့်) ရှိမည်ဖြစ်ကြောင့် အမေရိကုန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ပြောသည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ထိုင်းနိုင်ငံအတွက် အထူးအခွန်ကင်းလွတ်ခွင့် – GSP …

Design a site like this with WordPress.com
Get started